....ဆရာဆိုတာ ဘယ်လိုရှာ၊ ဘယ်လိုရှူ ဒါက အရှူခံ ၊ ဒါက အရှူညဏ် ၊ ဆရာကသင်ပေးနေတာ ၊ တကယ်ရှူရမှာက ဒကာ ဒကာမတွေ ၊ ဆရာအားကိုးရမှာလား။ ကိုယ့်ကိုယ်ကိုယ် အားကိုးရမှာလား ။ ( ကိုယ့်ကိုယ်ကိုယ် အားကိုးရမှာပါဘုရား ) ။ မိဘအားကိုးရမှာလား၊ ကိုယ့်ကိုယ်ကိုယ်အားကိုးရမှာလား။
( ကိုယ့်ကိုယ်ကိုယ် အားကိုးရမှာပါဘုရား ) ။ သားသမီးအားကိုးရမှာလား ၊ ကိုယ့်ကိုယ်ကိုယ် အားကိုးရမှာလား။ ( ကိုယ့်ကိုယ်ကိုယ် အားကိုးရမှာပါဘုရား ) ။ ဟော ၊ ဒါဆိုရင်အတ္တာဟိ အတ္တာနော နာထောဆိုတာ ဒါပြောတာ ။ ကိုယ့်ကိုယ်ကိုယ် အားကိုးရမယ် ။ ကိုယ့်တရားကိုယ်အားကိုးရမယ်ပြောတာ ။ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တစ်သက်လုံး တစ်သံသရာလုံး သူများအားကိုးလာခဲ့တဲ့သူချည်းပါ ။
( မှန်ပါတယ်ဘုရား ) ။ မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေမှာ တော်တော်ဆိုးတယ်နော် ။
ဘုန်းကြီးတို့ ဓမ္မရေစင်ရွှေသံလွင်ကုမ္ပဏီကို ဂုဏ်ပြုပြီးဟောတဲ့တရားပါ ၊ မူလတန်းဗုဒ္ဓဘာသာ ၊ အလယ်တန်းဗုဒ္ဓဘာသာ ၊ အထက်တန်းဗုဒ္ဓဘာသာဆို တာရှိတယ်။ စာအုပ်လည်း ထုတ်ထားပါတယ်။
အဲ့ဒီမှာ မူလတန်းဗုဒ္ဓဘာသာဆိုတာက ဘာမှန်းမသိ ၊ ညာမှန်းမသိဘဲနဲ့ ဟိုဟာကိုးကွယ် ၊ ဒီဟာကိုးကွယ်ပေါ့နော်။ အဲ့ဒီပုဂိုလ်တွေအတွတ် ဒကာ ဒကာမတွေ အင်မတန်အန္တရာယ်မများဘူးလား။ ( များပါတယ်ဘုရား ) ။
သို့ဖြစ်လျှင် ကိုးကွယ်တယ်ဆိုတာအားမကိုးတာလား၊ အားကိုးတာလား။ ( အားကိုးတာပါဘုရား ) ။ ကိုင်း ဆိုကြပါစို့။ တို့ ပုဂံခေတ်ဆိုလို့ရှိရင် အဲ့ဒီအချိန်မှာ ရှင်အရဟံနဲ့အနော်ရထာမစမီမှာ ဒကာ ဒကာမတွေဘာကို ကိုးကွယ်ခဲ့ကြသလဲ။
( အရည်းကြီး ကိုးကွယ်ပါတယ်ဘုရား ) ။ အရည်းကြီးကိုးကွယ်ကြတယ် ။ တောင်ပို့တွေ ကိုးကွယ်ကြတယ်။ နတ်တွေ ကိုးကွယ်ကြတယ်။ ဟာ တစ်ခါတည်းမှာကိုအမျိုးမျိုးကိုးကွယ်ခဲ့တာ။ မရှိဘူးလား။ ( ရှိပါတယ်ဘုရား ) ။ အဲ့ဒီလို ကိုးကွယ်တယ်ဆိုတာ ပုဂ္ဂိုလ်ကို အားကိုးတဲ့အဓိပ္ပယ်မရောက်ဘူးလား ။ ( ရောက်ပါတယ်ဘုရား ) ။ သူများ အားကိုးရမှာလား၊ ကိုယ့်ကိုယ်ကိုယ် အားကိုးရမှာလား။ ( ကိုယ့်ကိုယ်ကိုယ် အားကိုးရမှာပါဘုရား ) ကဲ အဲ့ဒီခေတ်က နတ်တွေ ကိုးကွယ်တာမရှိဘူးလား ( ရှိပါတယ်ဘုရား ) နတ်က ကိုယ့်ကို မနိုင်ပါ့မလား။ ( မ မနိုင်ပါဘူးဘုရား ) ရဲရဲပြော၊ရဲရဲပြော။ ဘယ့်နှယ် အသံတိုးသွားသလဲ။ ( မ မနိုင်ပါဘူးဘုရား )။ ဒီတော့ မဖမ်းပါဘူး။ ရဲရဲသာပြောပါ။
သူတော်ကောင်းမှ နတ်ကောင်းမ မှာ။ ကိုယ်ကမှ တရားအလုပ်မလုပ် လျှင် နတ်က မ ပါ့မလား ? ( မ "မ"ပါဘူးဘုရား )။ တရားသာလုပ်။ ဒကာ ဒကာမ တွေ အဲဒီ ပုဂ္ဂိုလ်တွေက နေလို့မရဘူး။ သူတို့ မ "မ"လျှင် သူတို့ကို သိကြားမင်းက ဒဏ်ခတ်ဦးမှာ။ သူတော်ကောင်းကို ပစ်ထားရမလားဆိုပြီးတော့။
အဲ့ဒီတော့ ကိုယ်ကသာ တရားအလုပ်ကိုလုပ်ရင် သမ္မာဒေဝနတ်က စပြီး ဘယ်နတ်မှ မနေနိုင်ဘူး။ အကုန်လုံး ဝိုင်းမရမှာပဲ။
အဲဒီတော့ ဆိုလိုချင်တာက ကိုယ်က ကံကံ၏အကျိုးကိုမယုံဘဲနဲ့ ခုနပြောသလို နတ်သွားယုံတယ်ဆိုရင် အဲဒါသည် တခြားလား မိစ္ဆာ ဒိဋ္ဌိလား
။ ( မိစ္ဆာ ဒိဋ္ဌိပါဘုရား
) ယုံရမှာသည် တခြားလူကို ယုံရမှာလား
၊ ကိုယ့်ကိုယ်ကိုယ် ယုံရမှာလား
။ ( ကိုယ့်ကိုယ်ကိုယ် ယုံရမှာပါဘုရား
)
ကိုယ်ဒါနကိုယ်ယုံရမယ် ၊ ကိုယ့်သီလ ၊ ကိုယ့်သမာဓိ
၊ ကိုယ့်ဝိပသာနာကိုယ်ယုံရမယ်
။ အဲဒီ ဒါန သီလ သမာဓိ ဝိပသာနာ သည်
ကောင်းတာလား မကောင်းတာလား ။ ( ကောင်းတာပါဘုရား
) ဒီတော့တကယ်တန်း
ဗုဒ္ဓဘာသာဝင် အဆင့်က ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်
၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ် ကိုယ်ကကောင်းတာသာလုပ် ဒကာ
ဒကာမတွေ ဘယ်တော့မှ
မကောင်းကျိုးမပေးဘူး ။
သို့ဖြစ်လျှင် ယနေ့
ဘုန်းကြီးတို့ ဒကာ
ဒကာမတွေ စီးပွါးဥစ္စာ
ရတနာတွေတိုးတတ်နေတာဟာ အလုပ်မလုပ်လို့လား
။ အလုပ်လုပ်လို့လား ( အလုပ်လုပ်လို့ပါဘုရား
)
အလုပ်ဆိုတဲ့ အထဲမှာ ကိုယ်တိုင်ကိုယ်ကျလုပ်ရတာ ပါရဲ့လား
၊ မပါဘူးလား (
ပါပါတယ်ဘုရား ) ကိုယ်လုပ်ငန်းထဲမှာ အလုပ်ကိုပြောလိုက်ရတာ
ပါးစပ်ကိုချွဲထအောင် ပြောရတာ မဟုတ်ဘူးလား
။ ( ဟုတ်ပါတယ်ဘုရား ) ဘယ်လိုလုပ်ရမလဲလို့ စဉ်းစားတာက ဘာကံလဲ ဘာကံပါလဲ ( ဝစီကံပါဘုရား
) ဘယ်လိုလုပ်ရမလဲလို့ စဉ်းစားတာက ဘာကံလဲ ( မနောကံပါဘုရား ) ဒီလိုဖြစ်လျှင် ကြီးပွါးတိုးတတ်သူမှာ ကံဘယ်နှကံပါသလဲ ( ၃ မျိုးပါဘုရား ) ကာယကံ ၊ ဝစီကံ ၊
မနောကံ ရယ် အဲဒီလိုအားမထုတ်ဘဲ
အိပ်နေလျှင် ဘယ်နတ်ကလာမမှာတုန်း ဟုတ်လား ၊
မ ပါသလား
။ ( မ မ ပါဘူးဘုရား )
ဒီလိုဖြစ်ရင် အဲဒီကံကို မိမိတို့ကလက်ကိုင်ထားခြင်း မရှိဘဲ ပုဂ္ဂိုလ်သွားအားကိုးလျှင် တခြားလား မိစ္ဆာဒိဋ္ဌိလား
၊ ( မိစ္ဆာဒိဋ္ဌိပါဘုရား ) အဲတော့ ဒိဋ္ဌိ ၊ အင်မတန်ကြောက်စရာကောင်းတယ် ပြီးတော့ ခုနှက စကားက အတ္တာဟိ အတ္တနော နာထော သူများအားကိုးရမှာလား ကိုယ့်ကိုယ်ကိုယ် အားကိုးရမှာလား ( ကိုယ့်ကိုယ်ကိုယ် အားကိုးရမှာပါဘုရား
) ။
Ref:အောင်ဆန်းဆရာတော်
No comments:
Post a Comment