12/11/2011

ကြက်အသည်း

ကြက်အသည်းစားသုံးခြင်းသည် အစာအဆိပ်သင့်မှု ဖြစ်ပေါ်စေခြင်းအားဖြင့် လူ၏ကျန်းမားရေးကို ခြိမ်းခြောက်နိုင်ကြောင်း ရောဂါကူးစက်မှုဆိုင်ရာ ဗြိတိသျှကျွမ်းကျင်ပညာရှင်များက ဦးဆောင်သည့် လေ့လာချက်အသစ်က ဖော်ပြလိုက်သည်ဟု သတင်းများတွင် ဖော်ပြသည်။

ဗက်တီးရီးယားများသည် အသည်းတစ်ခုလုံးတွင် ခိုအောင်းနိုင်ကြောင်း ၊ ကြက် ၊ ဘဲ ၊ ငန်းတို့၏ အသည်းများသည် အထူးသဖြင့် အန္တရာယ်များသော  Campylobacter  ဗက်တီးရီးယားတစ်မျိုးကို သယ်ဆောင်နိုင်သည်ဟု ပညာရှင်များက ပြောသည်။

ကြက် ၊ ဘဲ ၊ ငန်းတို့၏ အသည်းကို အပူချိန်လုံလောက်စွာမချက်ထားပါက ယင်းဗက်တီးရီးယားများသည်ကူးစက်ရောဂါ အဓိက လက်သည်ဖြစ်လာကြောင်း၊၂၀၁၀ ခုနှစ်တွင် အင်ဂလန် နှင့် ဝေလ၌ဗက်တီးရီးယားပိုးကြောင့် ဖြစ်ပေါ်သည့်ရောဂါသည် ၆၀၀၀၀၀ ကျော်ရှိမည်ဟု ခန့်မှန်းနေစဉ်တွင် ဗြိတိန်ရှိ အစာအဆိပ်သင့်မှု အများစုမှာ Campylobacter   ဗက်တီးရီးယားပိုးကြောင့် ဖြစ်ကြောင်း သတင်းတစ်ရပ်က ဖော်ပြသည်။

အဆိုပါ ဗက်တီးရီးယားကြောင့် ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်းနှင့်ကြွက်တက်ခြင်း၊ နှာစေးခြင်းနှင့် အခြားနေမကောင်းခြင်းများ အပါအဝဝင် ရောဂါများဖြစ်ပေါ်စေပြီး အများစုမှာ ရက်အနည်းငယ်သာ ဖျားနာကြသည်။

မကြာသေးခင်နှစ်များကစ၍ ကြက်အသည်းစားသုံးမှု တဖြည်းဖြည်းမြင့်မားလာခဲ့ရာ အဆိုပါရောဂါများ ဖြစ်ပွါးမှုနှုန်းများပြားလာကြောင်း အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါကျွမ်းကျင်သူ ခရစ္စတင်လီတာကပြောသည်။ မကျက်တကျက် ချက်ထားသော စားသောက်ကုန်များက အစာအဆိပ်သင့်မှု ဖြစ်ပေါ်စေသည်ကို ပြည်သူများနှင့် စားသုံးကုန်ထုတ်စက်ရုံများသို့ သတိပေးရန်လိုအပ်ကြောင်း ၄င်းက ပြောသည်။


Ref: International News  837

No comments:

Post a Comment