11/27/2011

လေထုညစ်ညမ်းမှုနှင့်အူအတက်ရောင်ခြင်း

ကနေဒါသပ္ပ္ပံပညာရှင်များက လေထုညစ်ညမ်းမှုသည် အူအတက်ရောင်ရမ်းမှုကို ဖြစ်စေနိုင်ကြောင်း ကနေဒါဆရာဝန်များအစည်းအရုံး၏ ဂျာနယ်တွင်ရေးသားဖော်ပြလိုက်သည်။

The University of Calgary မှ အစာအိမ်နှင့်အူလမ်းကြောင်းအထူးကု ဆရာဝန် Dr Gilaad G Kaplan နှင့်အဖွဲ့က ၁၉၉၉ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း Calgary ဆေးရုံသို့တက်ရောက်လာသော လူနာ ၅၁၉၁ ဦးအား စောင့်ကြည့်လေ့လာခဲ့ကြခြင်းဖြစ်သည်။

အူအတက်ရောင်ခြင်းကြောင့် ဆေးရုံတက်ရောက်လာသူ လူနာအရေအတွက်မှာ အပူဆုံးလများဖြစ်သော ဧပြီလနှင့် စက်တင်ဘာလများကြားတွင် ဖြစ်ကြောင်းတွေ့ရသည်။ ထိုအချိန်ကာလများတွင် လူများသည်နေအိမ်ပြင်ပသို့ အထွက်များပြီး လေထုညစ်ညမ်းမှုဒဏ်ကို ပိုမိုခံကြရသည်ဟုဆိုပါသည်။ဆေးရုံသို့လူနာအများအပြား မရောက်လာမီရက်ပတ်အတွင်း လေထုညစ်ညမ်းမှု အခြေအနေကို လေ့လာဆန်းစစ်ခဲ့ကြသည်။

လေထုတွင် အိုဇုန်းနှင့်ဟိုက်ဒရိုဂျင်ဒိုင်အောက်ဆိုက်မြင့်မားလာချိန်တွင် အူအတက်ရောင်ရောဂါကြောင့် ဆေးရုံတက်ရောက်လာသူ အရေအတွက်ပိုမိုများပြားလာခဲ့သည်ဟု သိပ္ပံပညာရှင်များကပြောကြားခဲ့သည်။

အူအတက်ရောင် ရောဂါဖြစ်မှူ့၌ အမျိုးသားများတွင် ပိုမိုနေကြောင်း တွေ့ရပြီး မည်သည့်အတွက် အမျိုးသားနှင့်အမျိုးသမီးတို့၌ ဖြစ်ပွားမှူ့မတူညီရသည်ကို အတိအကျ မသိနိုင်ဟု ဆိုပါသည်။

လေထုအတွင်းရှိ အညစ်အကြေးများသည် ရောင်ရမ်းမှုကို ဖြစ်စေနိုင်သဖြင့် အူအတက်ရောင်ရမ်းခြင်းကို စတင်ဖြစ်ပေါ်စေခြင်းဖြစ်မည်ဟု လေ့လာသူများက လက်ခံယူဆထားကြပါသည်။


Ref: Doctor Aye Kyaw

No comments:

Post a Comment