7/01/2014

ငါတို့မြေ ငါတို့ရေ ဘူမိနက်သန်မှန်စွ မြန်မာပြည်



လွန်ခဲ့တဲ့ တစ်ရက်၊ နှစ်ရက်လောက်ကပဲ ဆရာဘုန်းတင့်ကျော် မြန်မာနိုင်ငံ ဗုဒ္ဓသာသနာ သမိုင်း ခေါင်းစဉ်နဲ့ စာတမ်းဖတ် သွား ပါတယ်။ မြန်မာပြည်မှာ အင်္ဂလိပ်သမိုင်း ဆရာဆို သူတွေ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးချင်သလို ဖျက်ဆီးသွား တဲ့ မြန်မာ့သမိုင်း ကို ပြန်လည် တူးဆွဖေါ်ထုတ်ပြီး အမျိုးဂုဏ်ကိုမြှင့်တင်နိုင်တဲ့ မျိုးချစ်ပညာရှင်တွေထဲ မှာ ဒေါက်တာ ထင်အောင်ပြီးရင် ကျွန်တော် အလေးစားဆုံး ပုဂ္ဂိုံလ်ကတော့ ဆရာဦးကျော်ဇင် ခေါ် ဆရာဘုန်းတင့်ကျော်ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ ပျူမြန်မာလူမျိုးတွေအတွက် ဆရာဘုန်းတင့်ကျော်လို အာဇာနည်ယောက် ကျားမြတ်ကို မွေးဖွားသန့်စင်ပြီး လူ့ လောကကို လက်ဆောင်ပေးခဲ့တဲ့ ဆရာ့မိဘ များဖြစ်တဲ့ ဆရာတက္ကသိုလ်ဘုန်းနိုင်တို့မိသားစုနဲ့ အမှန်တရားကို တူးဆွဖေါ်ထုတ် ပေး တဲ့ ဆရာဘုန်းတင့်ကျော်ကို ကျေးဇူးအထူးတင်စွာဖြင့် ရိုသေညွတ်ကျိုး ဦးတင်ရှိခိုး ကန်တော့လိုက်ပါတယ် ခင်ဗျား။


လတ်တလော ဖတ်ကြားခဲ့တဲ့ ဆရာ့စာတမ်းထဲက ကောက်နုတ်ချက်အချို့ကို တင်ပြထားတာပါ။

၁။ မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာသည် အေဒီ ၄ ရာစု ရှင်မဟာဗုဒ္ဓဃောသခေတ်မှ မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသနှင့် အနောက်ဘက်ကမ်းရိုးတန်းဒေသများကို စတင်ရောက်ရှိကြော်း၊ သို့တိုင်အောင် ကုန်းတွင်းပိုင်းမြန်မာပြည်မ (အညာ) သို့ ဗုဒ္ဓ သာသနာ မရောက်ရှိသေးဟု ဆိုခဲ့ကြသော ဂျီအိပ်ခ်ျလုစ်နှင့် ချားဒူဂွိုင်ဆယ်တို့ ပြောကြားချက်မမှန်ပါ။
၂။ သူတို့ နှစ်ဦး မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာ စတင်ရောက်ရှိသည့်အချိန်ကို မှန်ကန်စွာပြောနိုင်ဖို့ရန် ဗုဒ္ဓသာသနာ သမိုင်း သုတေ သန လုံလောက်စွာလုပ်ခဲ့သည်ဟူသော သုတေသနလုပ်ငန်းမပြနိုင်ပါ။ မြန်မာနိုင်ငံ ဗုဒ္ဓသာသနာသမိုင်း စတင်ရောက်ရှိချိန်နှင့် ပတ်သက်၍ သူတို့နှစ်ဦး၏ သုတေသနစာတမ်း မတွေ့မြင်ရပါ။ အခြားသောစာတမ်းများရေးစဉ် အနည်းငယ်ကြားညှပ်ရေးခြင်းမျိုးသာ တွေ့မြင်ရပါသည်။

၃။ ၇။ ဘီစီ ၂ ရာစု - အေဒီ ၃ ရာစု ရှေးတရုတ်တို့က ၄င်းတို့နှင့်ခေတ်ပြိုင် သရေခေတ္တ ရာနိုင်ငံနှင့်လူမျိုး၊ ပုဂံနိုင်ငံနှင့်လူမျိုးတို့ကို ပျူ ခေါ် ဗရမ္မာ - ဗမာဟု ကောင်းစွာ သိရှိမှတ် တမ်းတင်၊ ရှေးအိန္ဒိယက သရေခေတ္တရာနိုင်ငံနှင့်လူမျိုးကို ဗရမ္မာနိုင်ငံ၊ ဗရမ္မာလူမျိုး (ဗမာ) ဟု မှတ်တမ်းတင်။

၎။ မြန်မာနိုင်ငံတွင် ပရိုင်းမိတ်ခေတ်ကတည်း က ရှေးဦးလူတူသတ္တဝါ တို့ နေထိုင် ခဲ့ကြောင်း ကမ္ဘာ့ပညာရှင်များလက်ခံ။

၅။ မြန်မာနိုင်ငံတွင် (၁) ပရိုင်းမိတ်ခေတ် ၊ (၂) ကျောက်ကြမ်းခေတ် (အညာ သား ကျောက်ခေတ်ဦး) ၊ (၃) ကျောက်ချောခေတ် (ကျောက်ခေတ်သစ်) ၊ (၄) ကြေးခေတ်၊ (၅) သံခေတ် ဟူ၍ လူသားပေါ်ပေါက်နေထိုင်မှုသမိုင်း တွေ့ရှိရ။

၆။ ကြေးခေတ်၊ သံခေတ်နှင့် ပျူခေတ် ယဉ်ကျေးမှု သုတေသနများတွေ့ရှိချက်အရ “ အရေးကြီးသော လေ့လာတွေ့ရှိချက်မှာ ကျောက်ခေတ်ယဉ်ကျေးမှုကာလများမှတဆင့် ကြေးခေတ်၊ သံခေတ် ယဉ်ကျေးမှုကာလများကို ပိုင်ဆိုင်ဖြတ်သန်းခဲ့ ကြသော ဒေသခံ တို့သည် ရှေးကတည်းက မြန်မာနိုင်ငံအတွင်းမှာ တည်ရှိခဲ့ကြကြောင်း၊ ယင်းသူတို့ သည် မြန်မာနိုင်ငံပြင်ပမှ ရွှေ့ပြောင်း လာသူများ မဟုတ်ကြောင်း၊ ယင်းသူတို့ သည် မြန်မာနိုင်ငံကျောက်ခေတ်ကတည်းက နေထိုင်လာခဲ့ကြသော မြန်မာနိုင်ငံဘွား ဇာတိသားများဖြစ်ကြောင်း” ဟူသောအချက်ဖြစ်။

၇။ ယင်းအချက်မှာ ပရိုင်းမိတ်မှစတင် ကာ မြန်မာနိုင်ငံရှေးဦးလူသားတို့ ၏ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် ခေတ်စဉ်မပျက် ဆက်စပ်ဖွံ့ဖြိုးထွန်းကားခဲ့ပုံ (ဝါ) မြန်မာ့လူသားယဉ်ကျေးမှု၏ ခေတ်စဉ်မပျက် ဆက်စပ်ဖွံ့ဖြိုးထွန်းကားခဲ့ပုံကို သမိုင်းတန်ဖိုးကြီးမား စွာ တွေ့ရမြင်ရသည့် ဖြစ်ရပ် သာဓကများ ဖြစ်။

၈။ လွန်ခဲ့သောနှစ် ၆၅၀၀ ကျောက်ခေတ်သစ်မှ ဖွံ့ဖြိုးဖြစ်ပေါ်လာသော ပျူ ခေါ် မြန်မာတို့ သည် မြန်မာနိုင်ငံအတွင်း ရှေးဦးလူသား များနှင့် မြန်မာနိုင်ငံသား ဇာတိသားများ အဖြစ် ကျောက်ချောခေတ်ရွာများ၊ ကြေးခေတ်ရွာများ တည်ဆောက်ကာ မည်သည့် မွန်၊ လဝမျှ ရွှေ့ပြောင်းမလာခင်ကတည်းက ဦးစွာပထမ နေထိုင်လျက်ရှိပါသည်။
၉။ ဗုဒ္ဓခေတ်ပြိုင်ကာလ မြန်မာနိုင်ငံတွင် ပျူမြို့ပြနိုင်ငံတော် ပျူပြည်ထောင် ၁၂ ပြည်ထောင် ကို ပျူရာဇဝင် ၁၂ စောင်တွဲတွင် ကချင်ပျူအုပ်စု မြို့တော် မိုးကောင်း၊ အစီရီပျူ မြို့တော် ဓညဝတီ၊ ကံဖိုစပျူ (ကဗ္ဗောဇပျူ) မြို့တော် မိုးနည်း၊ ကိုင်းရယ်ပျူ မြို့တော် ကိုင်းရယ်၊ ကျိုင်းတုံ၊ ကလောက်ဂေးပျူ မြို့တော် သထုံ၊ တိန်မယ်ပျူ မြို့တော် ပဲခူး၊ တနင်္သာရီပျူ မြို့တော် ထားဝယ် စသဖြင့်ဖေါ်ပြထား။

၁၀။ တိုင်းရင်း- စ - ၄၃၈ ခေါ် ရာဇသင်္ကြန်မျောက်သားကျောက်စာ (၆၈၈ ခုနှစ်) တွင် “ဗြဟ္မာ” ကို “ ပြုမ်မှာ” (ပရုမ်မာ) ဟု ရေးထိုးခဲ့ပါသည်။
တိုင်းရင်း- စ - ၄၀၈ ခေါ် မင်းမတ်ကြီးသုံးယောက် နှမကျောက်စာ (၆၇၀ ခုနှစ်) တွင် “ဗြဟ္မာ” ကို “ ပြုမှာ” (ပရုမှာ) ဟု ရေးထိုး ခဲ့။ ( ပရုမှာ ဆိုသည်မှာ ဂျပန်က မြန်မာ ကိုခေါ်သည့် ဗိရုမာ ကို သတိရချင်စရာဖြစ်နေပါသည်။ ဤအဆိုမှာ ကျွန်တော်ရဲကျော် သူရ အတွေး နယ်ချဲ့ခြင်းသာဖြစ်။ သို့သော် ဆရာ့စာတမ်းနောက်ပိုင်းတွင် ပရုမာနှင့် ဗိရုမာ အဆက်အစပ်ရှိကြောင်းတွေ့ရ။ )
“ ပြုမ်မှာ” (အသံထွက် - ပရုမ်မာ) ၏ အတိုကောက်အခေါ်မှာ ပြုမ် (ပရုမ်) ဖြစ်ပြီး သရေခေတ္တရာမြို့ကြီးကို “ပရုမ်” မြို့ဟု ခေါ်ဆို ခြင်းမှာ ဗြဟ္မာ ( ဗရမာ - ဗမာ) မြို့ဟု ခေါ်ဆိုခြင်းဖြစ်။

၁၁။ ထင်ရှားသောရခိုင်ရာဇဝင်များတွင် သရေခေတ္တရာခေတ်ဗမာ၊ ပုဂံခေတ်ဗမာ၊ ပင်းယခေတ်ဗမာ၊ အင်းဝခေတ်ဗမာ၊ ကုန်း ဘောင်ခေတ်ဗမာတို့ကို ပြူများဟုသာ သိရှိခေါ်ဆိုရေးသားကြပြီး ရခိုင်မင်းနှင့်ပြည်သူတို့၏ လူမျိုးအမည်ကို ဗြဟ္မာ-ဗရမ္မာ-မရမ္မာ- မြန်မာဟု ခေတ်အဆက်ဆက်ရေးသားဖေါ်ပြခဲ့။၁၉ ရာစု သံတွဲမြို့ ကဝိ သာရာဘိ သီရိပဝရ အဂ္ဂမဟာဓမ္မရာဇာဓိရာဇဂုရုရခိုင် ဆရာတော်ကြီး ရေးသားပြုစုသည့် ဓညဝတီ အရေးတော်ပုံကျမ်းတွင် လည်း ခေတ်အဆက် ဆက် ပြည်မ မြန်မာ မင်းနှင့် ပြည်သူတို့ကို ပျူများဟုသာခေါ်ဆိုဖေါ်ပြ။ ယင်းခေတ် ပြိုင်မှတ်တမ်းကဏ္ဍတွင် “ကုလားကဖိ၊ ပျူကအိ၊ မချိမြန်မာ အနောက်မှာ” ဟူသော တဘောင်ပေါ်ထွက်၍ ရက္ခိတပူရမင်းက ပညာရှိတို့ကိုမေး၊ ယင်းတဘောင်ပါ မြန်မာသည် ရက္ခိတပူရ တိုင်းရင်းသားများဖြစ်ကြောင်း ပညာရှိအမတ်တို့ ပြန်လည်ဖြေကြား။

၁၂။ ဗုဒ္ဓမြတ်စွာဘုရားသည် မဇ္ဈိမဒေသတိုင်းကြီး ၁၆ တိုင်းအတွင်းသာ ကြွချီသည်။ ယင်း ၁၆ တိုင်းအပြင်ကိုမသွား၊ မြန်မာနိုင်ငံ သို့ မရောက်ဟူသောစကားတို့မှာ ပိဋိကတ်တော်ပါ ယူဇနာ ၃၀၀ (မိုင် ၃၈၁၀) ခရီး မြတ်စွာဘုရားကြွချီကြောင်း ကိုယ်တော်တိုင် ပြောခဲ့သော မိန့်ဆိုချက်နှင့် ကိုက်ညီခြင်းမရှိ။ ( ၁ ယူဇနာ = ၁၂.၇ မိုင်)
၁၃။ ပုဂံပြည်နှင့် အညာဒေသ ပြည်မတွင် အနော်ရထာခေတ်သထုံမှ ပိဋိကတ်သုံးပုံရ မှ ထေရဝါဒ ဗုဒ္ဓသာသနာထွန်းကားသည်ဟု ဦးကုလားရာဇဝင် အပါအဝင် နောက်ရေး ပုဂံရာဇဝင်၊ သထုံရာဇဝင်၊ မှန်နန်းမဟာရာဇဝင်ကြီး၊ သာသနာဝံသကျမ်း၊ သာသနာ လင်္ကာရ ကျမ်းများတွင် ရေးသားဖေါ်ပြချက်သည် အထက်၌ဖေါ်ပြခဲ့သော ခေတ်ပြိုင် အထောက်အထားများနှင့် မကိုက်ညီဘဲ လွဲမှားနေ။

၁၄။ အနော်ရထာမင်းမမွေးခင် ပုဂံပြည်များကို ခေါ်ဝေါ်သော သီရိပစ္စယာ၊ တမ္ပဝတီ (စာအရိုက်မှားနေသလားမသိ၊ တမ္ပဒီပ ဟုထင်သည်)၊ အရိမဒ္ဒနပူရ ဟူသော အမည် အားလုံးသည် ပါဠိအမည်များချည်းသာ ဖြစ်နေခြင်းက အနော်ရထာမမွေးဖွားမီ ပုဂံပြည်ကြီးများသည် ပါဠိဘာသာကိုလေးစားသုံးစွဲသော ဘုရားစကား နားထောင်သော ထေရဝါဒ ဗုဒ္ဓဘာသာထွန်းကားရာ မင်းနေပြည်မြို့ကြီးဖြစ်ကြောင်း အဆိုပါ ပါဠိအမည်များကိုယ်တိုင်က အထောက်အထားဖြစ်သည်။ ပုဂံမင်း များနှင့် ပြည်သူတို့ သည် ထေရဝါဒ ဂိုဏ်းဝင်မဟုတ်ဘဲ မဟာယနဂိုဏ်းဝင် များသာဖြစ်ခဲ့ ပါက ပုဂံပြည်ကြီးများ၏ အမည်ကို မဟာယနက အထင် သေးသော ပါဠိဘာသာဖြင့် မှည့်ခေါ်ခဲ့မည်မဟုတ်ဘဲ မဟာယနဂိုဏ်းက အထင်ကြီးသော သက္ကဋဘာသာဖြင့်သာ မှည့်ခေါ်ခဲ့ ကြလိမ့်မည်ဖြစ်။

၁၅။ ယခုခေတ် မူလတန်းသုံးသမိုင်းစာအုပ်တွင် သထုံမှထေရဝါဒ ပိဋကတ်သုံးပုံရမှ ပုဂံပြည်တွင် ထေရဝါဒ ဗုဒ္ဓသာသနာ ရောက် ရှိထွန်းကားပြီး ယင်းမတိုင်ခင် ပုဂံမှာ ထေရ ဝါဒ ဗုဒ္ဓသာသနာမရှိဟူသော အမှားကြီးကို ပြဋ္ဌာန်းသင်ကြားနေသည်မှာ စိတ်မ ကောင်း စရာဖြစ်။ ယင်းသို့ သမိုင်းစာ မပြဋ္ဌာန်းခင်မှာ မြန်မာ့သမိုင်းကော်မရှင် (တက္ကသိုလ်များ သမိုင်းသုတေသနဦးစီဌာန) ကို တိုင်ပင်မေးမြန်းခြင်းမရှိခဲ့သလော။

၁၆။ အထက်တွင်တင်ပြခဲ့သည့်အတိုင်း သရေခေတ္တရာပြည်သည် ဗုဒ္ဓ-အာသော ကခေတ် ဗြဟ္မီအက္ခရာများ ထွန်းကားပြီး ထေရဝါဒ ပိဋကတ်သုံးပုံ ပိုင်ဆိုင်စော ပြည် ကြီးဖြစ်။ သရေခေတ္တရာပျူမြန်မာတို့ သရေခေတ္တရာမှ ပုဂံသို့ရွှေ့ပြောင်း တည်ထောင် နေ ထိုင်သော အချိန်တွင် ထေရဝါဒ ဗုဒ္ဓသာသနာကိုပါ သူတို့နှင့်အတူ ယူဆောင်သွား ကြကြောင်း အထောက်အထာများရှိ။

ပုဂံမြို့ဟောင်းဒေသကြီးတွင် သရေခေတ္တရာထေရဝါဒဂိုဏ်းဝင် သရေခေတ္တရာပျူတို့ တည်သော ပုံစံ ပျူစေတီ (၂၀ ) အနည်းဆုံး တည်ရှိနေဆဲဖြစ်ကြောင်း….။ ။

ဆရာဘုန်းတင့်ကျော်စာတမ်းမှ ကောက်နုတ်ဖေါ်ပြခြင်းသာဖြစ်ပါတယ်………….

အမျိုးဂုဏ် ဇာတိဂုဏ် မြှင့်တင်နိုင်ကြပါစေ….

ချစ်ခင်လေးစားလျက်

ရဲကျော်သူရ

No comments:

Post a Comment